tag ကျိုက်ထိုသား(ကိုထက်): မင်းအတွက်

Pages

Thursday, October 4, 2012

မင်းအတွက်

                 
သူများတွေလို....ငါ့မှာ
ကားမရှိဘူး။ ဒါပေမယ့်......
မင်း လိုရာပို့နိုင်ဖို့
( မင်း စေလိုရာ သွားနိုင်ဖို့ )
ခြေတစုံ ရှိတယ်..။
သူများတွေလို.....ငါ့မှာ
ဆိုင်ကယ် မရှိဘူး။ ဒါပေမယ့်
ပိုတယ်လို့ ထင်ရတာက
အမေပေးခဲ့တဲ့ ရိုးသားမှုနဲ့
သုံးစားမရတဲ့ ယောက်ျားမာနတွေတော့ ရှိတယ်။
သူများတွေလို.....ငါ့မှာ
ဖုန်း မရှိဘူး။ ဒါပေမယ့်
မင်း လိုရသုံးနိုင်ဖို့ ဘ၀တခုလုံး
ပုံအောပြီး ပေးထားတယ်။
သူများတွေလို....ငါ့မှာ
နေစရာ တိုက် အိမ် မရှိဘူး။ ဒါပေမယ့်
မင်းရဲ့အဆင်မပြေမှုတွေ
အပူပင်သောကတွေ ရှိလာတဲ့အခါ
ဖြေစရာ နှစ်သိမ့်မှုပေးမယ့်
အေးချမ်းတဲ့ရင်ခွင် တခု ရှိတယ်။
ကဲ...................
ဘာလိုသေးလဲ မိရွှေသဲ.....။



   

No comments: