Monday, October 8, 2012
ချစ်သူ
သံယောဇဉ် မြေတလင်းကို
ခြေသံပြင်းပြင်းနဲ့
နင်းခြေခဲ့ရင်တောင်
ယောင်လို့မှ င့ါမျက်ရည်
မင်းမမြင်စေရဘူး
ရင်ထဲကအသည်း
အပိုင်းပိုင်းကွဲအောင်
မင်းရိုက်ချိုးခဲ့ရင်တောင်မှ
ငါ့နှုတ်ခမ်းထက်
အပြုံးမပျက်စေရဘူး
အလိမ်ညာကင်းတဲ့
ချစ်ခြင်းတစ်ခုနဲ့
အမုန်းကိုကျောခိုင်း
အသည်းနင့်အောင်ချစ်ခဲ့သူပါ
ဘာလို့ရူးလောက်အောင်
စွဲလမ်းခဲ့လည်း
ငါကိုယ်တိုင်တောင် မသိခဲ့ဘူး
အနာဂါတ်မှာ မသေချာမှုတွေနဲ့
အဲဒီမသေချာမှုတွေထဲမှာ
သေချာတာတစ်ခုက
မင်း ကိုအသက်ရှိသရွှေ့
ချစ်နေအုံးမယ် ဆိုတာပါပဲ
မင်းကိုအမြဲတမ်းတပြီး
ပေးဆပ်ခြင်းတွေနဲ့
ချစ်နေတဲ့ သူတစ်ယောက်
ရှိနေတယ်ဆိုတာကို
မင်းကိုသိစေချင်လိုက်တာ
အဝေးက ချစ်သူရယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment